Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၁၅)

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှတဆင့် လာရောက်မည့် ကိုရီးယား၊ အီတလီနှင့်အီရန်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ (COVID-19 ) စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များအား သိရှိလိုက်နာပူးပေါင်းဆောင်ရွက်ကြရန်အကြံပြုခြင်း နေပြည်တော်၊ မတ်လ ၁၂ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ 2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းချက်အရ ပြည်ပမှ ရောဂါပိုးကူစက်ခံရသူခရီးသွားများ ဝင်ရောက်မှုကို ကာကွယ် နိုင်ရန်အတွက်  ရောဂါကူးစက်ပြန့်ပွားသူဉီးရေ ၆၀၀၀ နှင့် အထက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနှင့်အီရန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအား    COVID-19 ရောဂါကင်းရှင်းမှုရှိကြောင်း ဆေးစစ်ချက်လက်မှတ် (Certificate of having tested Negative for COVID-19)အား ပြသနိုင်မှသာ သက်ဆိုင်ရာလေကြောင်းလိုင်းများမှ လိုက်ပါစီးနင်းခွင့်ပြုမည် ဖြစ်သဖြင့် အဆိုပါနိုင်ငံများမှ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီ များနှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြပါရန် အကြံပြု အပ်ပါသည်။    
About the author

Leave a Reply