Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၂၄) တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထုတ်ပြန်ထားရှိသည့် Community Based Facility Quarantine (CBFQ) ဝင်ရောက်ရန် သတ်မှတ်ထားရှိချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြရန် အကြံပြုခြင်း (Updated)

နေပြည်တော်၊ ဇွန်လ (၂၄) ရက်

၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ် ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) နှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Community Based Facility Quarantine (CBFQ) ဝင်ရောက်ရန် သတ်မှတ်ထားရှိချက်များအား အောက်ပါဖော်ပြပါအတိုင်း ထုတ်ပြန်ထားရှိ ပါသည်။

၃။      သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက်သတ်မှတ်ထုတ်ပြန်ထားရှိချက်များအားသိရှိလိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။