Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားအကြံပြုချက် (၂၅)

နေပြည်တော်ကောင်စီ နှင့်တိုင်းဒေသကြီး/ ပြည်နယ်များတွင် နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ကန့်သတ်ထားမှုများ
 
နေပြည်တော်၊ ဇွန်လ (၂၃) ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက်  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ နိုင်ငံခြားသားများ ဝင်ရောက်သွားလာခြင်းကို ကန့်သတ်မှုများ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ  Stay Home သတ်မှတ်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော နိုင်ငံခြားသားများမှအပ မြန်မာနိုင်ငံတွင် တရား၀င် နေထိုင်သွားလာခွင့် ရရှိထားသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားရှိသည့် လုံခြုံရေးကန့်သတ်ချက်ရှိသော နယ်မြေဒေသများမှ အပ ကျန်ဒေသများသို့ ကန့်သတ်မှု မရှိ သွားလာနိုင်ကြောင်း သိရှိရပါသည်။ ၃။ သို့ပါ၍ ဖော်ပြပါ သတ်မှတ်ချက်ကို ခရီးသွား လုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဆက်စပ် လုပ်ငန်းဆောင်ရွက်နေသူများ သိရှိလိုက်နာ ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
About the author