Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၂၆) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များရှိ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ရုပ်သိမ်းခြင်း

နေပြည်တော်၊ ဇူလိုင်လ (၁၅) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များရှိ မြို့အဝင်/ အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုများအား ရုပ်သိမ်းသွားရန် လမ်းညွှန်ထားရှိပါသည်။ ၃။      သို့ဖြစ်ပါ၍ ပြည်တွင်းခရီးသွားများနှင့် ၎င်းတို့ကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် အပိုဒ် (၂) ပါ လမ်းညွှန်မှုအား သိရှိနိုင်ပါရန် အကြံပြုအပ်ပါသည်။