Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၂/၂၀၂၂)

Online လျှောက်ထားနိုင်သည့် e-Visa System တွင် Tourist Visa အား ထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာချက် နေပြည်တော် ၁။      လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် Online e-Visa (Business) လျှောက်ထားမှုလုပ်ငန်းစဉ်အား ၁-၄-၂၀၂၂ ရက်နေ့မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသတ်မှတ် ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျှက် ရှိနေပြီဖြစ်ပါသည်။ ၂။       အလားတူ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် e-Visa (Tourist) အမျိုးအစားလျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ၃။      Online e-Visa (Tourist) လျှောက်ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ website လိပ်စာ https://evisa.moip.gov.mm (https://evisa.moip.gov.mm) တွင် ဝင်ရောက်ကြည့်ရှု့လေ့လာ၍ လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ Source From: Ministry of Immigration and Population website

Leave a Reply