Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၃၀) အီတလီနိုင်ငံသို့ လာရောက်မည့်မြန်မာနိုင်ငံသားများ “Immuni” Mobile Application အသုံးပြုရန်အကြံပြုခြင်း

နေပြည်တော်၊ စက်တင်ဘာလ (၂၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများ ဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ အီတလီနိုင်ငံအတွင်း COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ် ခဲ့သူများကို အလွယ်တကူခြေရာခံနိုင်သည့် “Immuni” အမည်ရှိ Mobile Application ကို စတင် အသုံးပြုလျက်ရှိပြီး ထို Application ကို https://www.immuni.italia.it/ တွင် အခမဲ့ရယူနိုင် ကြောင်းနှင့် အသုံးပြုသူများ၏  သတင်းအချက်အလက်များကို အီတလီအစိုးရက လျို့ဝှက်ပေးထား မည်ဖြစ်ကြောင်း၊ အီတလီနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားကို ယင်း Application နှင့် ပတ်သက်၍ အသိပေးထားစေလိုကြောင်း အီတလီသံရုံးမှ အကြောင်းကြားထားရှိပါသည်။ ၃။      သို့ပါ၍ အီတလီနိုင်ငံသို့ အကြောင်းအရပ်အမျိုးမျိုးဖြင့် သွားရောက်ရန်ရှိသည့် မြန်မာနိုင်ငံမှ ခရီးသွားပြည်သူများနှင့် အီတလီနိုင်ငံတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသား ခရီးသွားပြည်သူများအနေဖြင့် အီတလီနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို အလွယ်တကူခြေရာခံနိုင်ရန်အတွက် အဆိုပါ “Immuni” Mobile Application ကို အသုံးပြုနိုင် ပါကြောင်း အကြံပြုအပ်ပါသည်။