Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၃၁) ပြည်တွင်းခရီးသွားပြည်သူများ တိုင်းဒေသကြီး/ပြည်နယ်အလိုက် (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး အမိန့်ကြေညာချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြံပြုခြင်း

နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ မြန်မာနိုင်ငံအတွင်း အကြောင်းအရင်းအမျိုးမျိုးဖြင့် သွားရောက်ရန်ရှိသော ပြည်တွင်း ခရီးသွားမိဘပြည်သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ထားသော အောက်ဖော်ပြပါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး အမိန့် ကြေညာချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။
  • COVID-19 ကြိုတင်ကာကွယ်နိုင်ရေး အမိန့်ကြေညာချက်များကို https://bit.ly/3l9wDKc Link တွင် Download ရယူနိုင်ပါသည်။