Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၃၂) မြန်မာနိုင်ငံသားများ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံသို့ သွားရောက်လိုပါက ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များ သိရှိနိုင်ရန် အကြံပြုခြင်း

နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ မြန်မာနိုင်ငံသားများ အကြောင်းအရင်းအမျိုးမျိုးဖြင့် ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လိုပါက လိုက်နာဆောင်ရွက်ရန်လိုအပ်သော အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။
  • ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များအား https://bit.ly/3jVKJOq link တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။