19
May
ခရီးသွားအကြံပြုချက် (၃/၂၀၂၂)
Online မှ Business Visa နှင့် Tourist Visa လျှောက်ထားရယူခြင်းများအတွက် System တွင် သတ်မှတ်ဖော်ပြထားသည့် အချက်များ
နေပြည်တော်၊ မေလ ၁၉ ရက်
၁။ မည်သည့်အကြောင်းကြောင့်ဖြင့်ဖြစ်စေ ဗီဇာလျှောက်ထားသည့်အခငွေအား ပြန်အမ်းမည်မဟုတ်ပါ။
၂။ ပုံမှန်ဗီဇာလျှောက်ထားမှုများအတွက် ရုံးပိတ်ရက်များမပါ အလုပ်လုပ်ရက် (၃) ရက် ကြာမြင့်နိုင်ပါသည်။
၃။ လျှောက်ထားမှုအမျိုးအစားအားလုံးအတွက် အချိန်သတ်မှတ်ရေတွက်မှုသည် ငွေပေးသွင်းမှုပြီးမြောက်၍ လျှောက်ထားမှုပြီးဆုံးပြီး Acknowledgement e-mail ရရှိချိန်မှ စတင်ပါသည်။
၄။ e-Visa လျှောက်ထားမှုတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသည့် ဆေးထိုး ပြီးစီးကြောင်း လက်မှတ်အား ပူးတွဲလျှောက်ထားရမည်။
၅။ လွန်ခဲ့သည့် (၃) လအတွင်းက ရိုက်ကူးထားသော ကာလာဓာတ်ပုံပူးတွဲတင်ပြရမည်။
၆။ နိုင်ငံကူးလက်မှတ်၏ သက်တမ်းသည် အနည်းဆုံး (၆) လ ကျန်ရှိရမည်။
၇။ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး မည်သည့် ခရီးသွားအထောက်အထားကိုမျှ e-Visa ခွင့်ပြုမည်မဟုတ်ဘဲ ခရီးသွားအထောက်အထားဖြင့် e-Visa ရယူထားပါက လဝကကောင်တာတွင် ပြည်ဝင်ခွင့်ငြင်းပယ်ခြင်းခံရမည်။
၈။ မိဘ၏ နိုင်ငံကူးလက်မှတ်တွင် အမည်ပါဝင်သော အသက် (၇) နှစ်အောက် ကလေး များအနေဖြင့် minor section တွင် အချက်အလက်များ ထည့်သွင်းဖော်ပြရန်ဖြစ်သည်။
၉။ လျှောက်ထားသူအားလုံးသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရမည် ဖြစ်ပြီး မည်သည့်ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်ပြုမည်မဟုတ်ပါ။
၁၀။ အကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားမှုအား ငြင်းပယ်ခြင်းခံရနိုင်သည်။
၁၁။ e-Visa ခွင့်ပြုချက်၏ သက်တမ်းသည် ရက်ပေါင်း (၉၀) ဖြစ်သည်။
၁၂။ e-Visa ခွင့်ပြုချက်သည် ပြည်ဝင်ခွင့်ပြုခြင်းမဟုတ်ကြောင်း သတိပြုပါရန်။
၁၃။ ပြည်ဝင်ခွင့်အတွက် ငြင်းပယ်ခြင်းခံရပါကမူလလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။
၁၄။ နေထိုင်ခွင့်သက်တမ်းအနေဖြင့် Business Visa အတွက် ရက်ပေါင်း (၇၀) နှင့် Tourist Visa အတွက် (၂၈) ရက် ရရှိမည်ဖြစ်သည်။
၁၅။ e-Visa လျှောက်ထားရယူသူများအနေဖြင့် တစ်ကြိမ်ပြည်ဝင်ခွင့်အတွက်သာ ဖြစ်ပြီး ပြည်ပြန်ဝင်ခွင့်ရယူလိုပါက ဗီဇာအသစ် လျှောက်ထားရယူရမည်ဖြစ်သည်။
၁၆။ လတ်တလောအနေဖြင့် လျှောက်ထားသူများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့်သာ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။ အခြားလေဆိပ်များမှ ဝင်ရောက်ခွင့် အတွက် ထပ်မံကြေညာပေးမည်ဖြစ်သည်။
၁၇။ မြန်မာနိုင်ငံသို့ မရောက်ရှိမီ ရောဂါပိုးမရှိကြောင်း (၇၂) နာရီအတွင်း RT-PCR နည်းဖြင့် စစ်ဆေးထားသည့် ဆေးစစ်အဖြေအား ရန်ကုန်လေဆိပ်ရှိ ကျန်းမာရေးကောင်တာ တွင် ပြသအစစ်ဆေးခံရမည်။
၁၈။ မြန်မာ့အာမခံလုပ်ငန်းမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ အကာအကွယ်ပါရှိသော ကျန်းမာရေးအာမခံပေါ်လစီကို လေဆိပ်တွင် ပြသအစစ်ဆေးခံရမည်။
၁၉။ e-Visa ဖြင့် နေထိုင်သည့်ကာလအတွင်း ဗီဇာလျှောက်ထားစဉ်ကဖော်ပြသည့် အလုပ် အကိုင်မှအပ အခြားမည်သည့် အခဖြင့်/ အခမဲ့လုပ်ငန်းကိုမျှ ပြောင်းလဲလုပ်ကိုင်ခွင့်ရှိမည် မဟုတ်ပါ။
၂၀။ ကန့်သတ်ဧရိယာများသို့ ခွင့်ပြုချက်မရရှိဘဲ သွားရောက်ခွင့်မရှိပါ။ ကန့်သတ်ဧရိယာများ စာရင်းအသေးစိတ်အား http://www.mip.gov.mm/restricted-areas-for-foreigners-tourist-travelling-in-the-country/တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
၂၁။ မြန်မာနိုင်ငံ၏ ချမှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။
Source From: Ministry of Immigration and Population