Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားအကြံပြုချက် (၄) “Information Counter များ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေခြင်း”

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက် လျှက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သတင်းအချက်အလက် ပြန်ကြားရေးကောင်တာ (Information Counter) ၂၇ ခုအား ဖွင့်လှစ်၍ ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးလျှက်ရှိပြီး ဝန်ကြီးဌာန၏ Website  https://tourism.gov.mm/helpdesk/ information -counters/ တွင် မြို့အလိုက်တည်နေရာနှင့်လိပ်စာများ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် e-mail များ ဖော်ပြပေးထားပါသည်။ တစ်ဦးချင်းလွတ်လပ်စွာ ခရီးသွားလာသူများ (FIT များ) အပါအဝင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များအနေဖြင့်ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာသတင်း အချက်အလက် ပြန်ကြားရေးကောင်တာ (Information Counter) များတွင် ဆက်သွယ်ရယူ ဆောင်ရွက်နိုင်ကြောင်း နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  
About the author

Leave a Reply