Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၅) တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ (FITs)

၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန်ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ(FITs)၏ ခရီးစဉ် လုံခြုံချောမွေ့ခြင်းသည်လည်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပါသဖြင့် သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်စည်းကမ်းများနှင့်အညီ လွတ်လပ်စွာသွားလာလည်ပတ်ခွင့်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြပါရန်နှင့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ (FITs) အနေဖြင့် အကူအညီ လိုအပ်ပါက ဝန်ကြီးဌာန Website www.tourism.gov.mm/helpdesk/information-counters/ တွင် ဖော်ပြထားသည့် information counters များနှင့် https://tourism.gov.mm/helpdesk/ branch-offices/ တို့မှတဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးများသို့ ဆက်သွယ်စုံစမ်းအကူအညီရယူနိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှ တဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author

Leave a Reply