18
Feb
ခရီးသွားအကြံပြုချက် (၉)
တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များအား Visa on Arrival ဆိုင်းငံ့ထားခြင်း
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus (2019-nCov) အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွား ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပါသဖြင့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။