Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar
Slider
Slider
ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Version 2.7) နေပြည်တော်၊ ဇွန်လ ၃ ရက်   Source From: Ministry of Health, Myanmar Facebook Page
Continue Reading
Online မှ Business Visa နှင့် Tourist Visa လျှောက်ထားရယူခြင်းများအတွက် System တွင် သတ်မှတ်ဖော်ပြထားသည့် အချက်များ နေပြည်တော်၊ မေလ ၁၉ ရက် ၁။      မည်သည့်အကြောင်းကြောင့်ဖြင့်ဖြစ်စေ ဗီဇာလျှောက်ထားသည့်အခငွေအား ပြန်အမ်းမည်မဟုတ်ပါ။ ၂။       ပုံမှန်ဗီဇာလျှောက်ထားမှုများအတွက် ရုံးပိတ်ရက်များမပါ အလုပ်လုပ်ရက် (၃) ရက် ကြာမြင့်နိုင်ပါသည်။ ၃။      လျှောက်ထားမှုအမျိုးအစားအားလုံးအတွက် အချိန်သတ်မှတ်ရေတွက်မှုသည် ငွေပေးသွင်းမှုပြီးမြောက်၍ လျှောက်ထားမှုပြီးဆုံးပြီး Acknowledgement e-mail ရရှိချိန်မှ စတင်ပါသည်။ ၄။      e-Visa လျှောက်ထားမှုတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသည့် ဆေးထိုး ပြီးစီးကြောင်း လက်မှတ်အား ပူးတွဲလျှောက်ထားရမည်။ ၅။      လွန်ခဲ့သည့် (၃) လအတွင်းက ရိုက်ကူးထားသော ကာလာဓာတ်ပုံပူးတွဲတင်ပြရမည်။ ၆။      နိုင်ငံကူးလက်မှတ်၏ သက်တမ်းသည် အနည်းဆုံး...
Continue Reading
Online လျှောက်ထားနိုင်သည့် e-Visa System တွင် Tourist Visa အား ထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာချက် နေပြည်တော် ၁။      လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် Online e-Visa (Business) လျှောက်ထားမှုလုပ်ငန်းစဉ်အား ၁-၄-၂၀၂၂ ရက်နေ့မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသတ်မှတ် ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျှက် ရှိနေပြီဖြစ်ပါသည်။ ၂။       အလားတူ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် e-Visa (Tourist) အမျိုးအစားလျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။...
Continue Reading
နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Commercial Flight) ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၅-၂၀၂၂) နေပြည်တော် ၁။      ခရီးသွားများတွင် အောက်ပါစာရွက်စာတမ်း/ အထောက်အထားများ ရှိရမည်- (က) ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် အောက်ပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော (၁၄) ရက်ကျော်က အကြိမ်ပြည့် ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်- – CoronaVac (Sinovac Biotech Ltd.); – AstraZeneca or Covishield (AstraZeneca & University of Oxford/SK Bioscience (Korea)/Siam BioScience/ Serum Institute of India (SII)); –...
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ မြန်မာနိုင်ငံသားများ အကြောင်းအရင်းအမျိုးမျိုးဖြင့် ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လိုပါက လိုက်နာဆောင်ရွက်ရန်လိုအပ်သော အောက်ဖော်ပြပါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။ ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်ချက်များအား https://bit.ly/3jVKJOq link တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။
Continue Reading
နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ မြန်မာနိုင်ငံအတွင်း အကြောင်းအရင်းအမျိုးမျိုးဖြင့် သွားရောက်ရန်ရှိသော ပြည်တွင်း ခရီးသွားမိဘပြည်သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ထားသော အောက်ဖော်ပြပါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး အမိန့် ကြေညာချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။ COVID-19 ကြိုတင်ကာကွယ်နိုင်ရေး အမိန့်ကြေညာချက်များကို https://bit.ly/3l9wDKc Link တွင် Download ရယူနိုင်ပါသည်။
Continue Reading
နေပြည်တော်၊ စက်တင်ဘာလ (၂၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများ ဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ အီတလီနိုင်ငံအတွင်း COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ် ခဲ့သူများကို အလွယ်တကူခြေရာခံနိုင်သည့် “Immuni” အမည်ရှိ Mobile Application ကို စတင် အသုံးပြုလျက်ရှိပြီး ထို Application ကို https://www.immuni.italia.it/ တွင် အခမဲ့ရယူနိုင် ကြောင်းနှင့် အသုံးပြုသူများ၏  သတင်းအချက်အလက်များကို အီတလီအစိုးရက လျို့ဝှက်ပေးထား မည်ဖြစ်ကြောင်း၊ အီတလီနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားကို ယင်း Application နှင့် ပတ်သက်၍ အသိပေးထားစေလိုကြောင်း အီတလီသံရုံးမှ အကြောင်းကြားထားရှိပါသည်။ ၃။     ...
Continue Reading
  နေပြည်တော်၊ ဩဂုတ်လ (၁၈) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားမှုအခြေအနေအရ (၁၆-၈-၂၀၂၀) ရက်နေ့မှစ၍ အောက်ဖော်ပြပါ ကိစ္စရပ်များမှအပ လူ (၃၀) ဉီးဖြစ်စေ၊ လူ (၃၀) ဉီးထက်ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ထုတ်ပြန်ထားရှိပါသည်-           (က)    အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှ ပြန်ခြင်း၊          ...
Continue Reading
နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့အဝင်/အထွက်ဂိတ်များရှိ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများ ရုပ်သိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းခရီးသွားများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ပြန်လည်သွားလာ လည်ပတ်လျက်ရှိပါသည်။ ၃။      လာမည့် ဇူလိုင်လ (၃၁) ရက်နေ့မှ သြဂုတ်လ (၃) ရက်နေ့ထိ အစိုးရရုံးပိတ်ရက် (၄) ရက်တွင် ပုံမှန်ထက် ပိုမိုခရီးသွားလာကြမည်ဟု မျှော်မှန်းထားပါသဖြင့် ခရီးသွားများ၊ ၎င်းတို့ကို ဝန်ဆောင်မှုပေး နေသည့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် COVID-19 ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်...
Continue Reading
1 2 3 4 5 7