Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar
မြန်မာနိုင်ငံသို့ ဆိုက်ရောက်မည့် တရုတ်ခရီးသွားများနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်စီစဉ်ဆောင်ရွက်ခြင်းများ ခေတ္တရပ်ဆိုင်း ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါကာကွယ်နိုင် ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများ အတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်း ထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
Continue Reading
တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များအား Visa on Arrival ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus (2019-nCov) အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွား ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပါသဖြင့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။
Continue Reading
နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန် မြို့မှစတင်ဖြစ်ပွားခဲ့သော 2019-nCoV (2019 Novel Corona Virus) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံ အချို့၌ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသည်များအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ လက်ရှိဖြစ်ပွားလျက်ရှိပါက(သို့မဟုတ်) လွန်ခဲ့သော(၁၄)ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက(သို့မဟုတ်)ပြန်လည်ရောက်ရှိပြီး(၁၄)ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားပါက အခမဲ့ကုသပေးနိုင်ရေးအတွက် လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပေးပို့ဆောင်ရွက်ပါရန်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါ၍ ယင်းသတိပေးချက်ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြပါရန် အကြံပြုပါသည်။...
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင် ရန်  ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမြစ်ကြောင်းခရီးစဉ်များ၊ သ‌ေင်္ဘာခရီးစဉ်  (Cruise Tours) ၊ စက်တပ်ရွက်လှေခရီးစဉ် (Yacht Tours) ခရီးစဉ်များကို စီစဉ်ဆောင်ရွက် နေသည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာန၏ Website https://tourism.gov.mm/ required-documents-for-applying-tours/ တွင် လွှင့်တင်ထားသည့် ခရီးစဉ်တင်ပြရာတွင် လိုအပ်သည့်အချက်များအတိုင်း တင်ပြဆောင်ရွက်နိုင်ပြီး ထပ်မံသိရှိလိုသည်များကို  ဝန်ကြီးဌာန Website ၏ Chat Box မှတဆင့်  အချိန်နှင့်တပြေးညီဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြု အပ်ပါသည် ။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Continue Reading
နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန်  ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်/ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်မည့် (Caravan Tour) ခရီးစဉ်များကို တင်ပြမည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ကြီးဌာန၏ Website https://tourism.gov.mm/required-documents-for-applying-tours/ တွင် လွှင့်တင်ထားသည့် ခရီးစဉ်တင်ပြရာတွင် လိုအပ်သည့် အချက်များအတိုင်း တင်ပြဆောင်ရွက်နိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှတဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြံပြုအပ်ပါသည် ။   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Continue Reading
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ (၂၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန်ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ(FITs)၏ ခရီးစဉ် လုံခြုံချောမွေ့ခြင်းသည်လည်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပါသဖြင့် သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်စည်းကမ်းများနှင့်အညီ လွတ်လပ်စွာသွားလာလည်ပတ်ခွင့်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြပါရန်နှင့် တစ်ဉီးချင်းလွတ်လပ်စွာခရီးသွားလာသူများ (FITs) အနေဖြင့် အကူအညီ လိုအပ်ပါက ဝန်ကြီးဌာန Website www.tourism.gov.mm/helpdesk/information-counters/ တွင် ဖော်ပြထားသည့် information counters များနှင့် https://tourism.gov.mm/helpdesk/ branch-offices/ တို့မှတဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးများသို့ ဆက်သွယ်စုံစမ်းအကူအညီရယူနိုင်ပြီး ထပ်မံသိရှိလိုသည်များကို ဝန်ကြီးဌာန Website ၏ Chat Box မှ တဆင့် အချိန်နှင့်တပြေးညီ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း...
Continue Reading
ခရီးသွားအကြံပြုချက် (၄) “Information Counter များ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေခြင်း” ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျှက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သတင်းအချက်အလက် ပြန်ကြားရေးကောင်တာ (Information Counter) ၂၇ ခုအား ဖွင့်လှစ်၍ ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးလျှက်ရှိပြီး ဝန်ကြီးဌာန၏ Website  https://tourism.gov.mm/helpdesk/ information -counters/ တွင် မြို့အလိုက်တည်နေရာနှင့်လိပ်စာများ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် e-mail များ ဖော်ပြပေးထားပါသည်။ တစ်ဦးချင်းလွတ်လပ်စွာ ခရီးသွားလာသူများ (FIT များ) အပါအဝင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များအနေဖြင့်ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာသတင်း အချက်အလက်...
Continue Reading
ခရီးသွားအကြံပြုချက် (၃) “စက်တပ်ယာဉ်များအား အန္တရာယ်ကင်းရှင်းစွာ အသုံးပြုရေး” ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံခရီးစဉ်ဒေသအသီးသီးသို့ လာရောက်လည်ပတ် လျှက်ရှိသည့် ခရီးသွားဧည့်သည်(Group Tour ၊ FIT Tour အပါအဝင်) များသည် ခရီးစဉ်ဒေသများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စသည့်စက်တပ်ယာဉ်များအား ကိုယ်တိုင်စီးနင်းမောင်းနှင် လည်ပတ်ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြား ချက်များနှင့်အညီ (Webpage http://rtad. gov.mm/?p=7319 Link ပါအတိုင်း)  လိုက်နာဆောင်ရွက် ကြရန် အကြံပြုအပ်ပါသည်။          ...
Continue Reading
ခရီးသွားအကြံပြုချက် (၂) “ခရီးစဉ်ဒေသအလိုက် ကန့်သတ်ချက်ရှိသော နယ်မြေဒေသများ” ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျှက်ရှိပြီး ခရီးသွားဧည့်သည်များ လိုက်နာရန်လိုအပ်သည့် ဆောင်ရန် ရှောင်ရန် (Do’s and Don’ts) များ၊ လုံခြုံရေးအရ ကန့်သတ်ထုတ်ပြန်ထားသော သွားလာခွင့်မရှိသည့် (Restricted Area) ဒေသများကို သိရှိနိုင်ရန် ဝန်ကြီးဌာန၏ Website www.tourism.gov.mm/ traveller-tips တွင် ဖော်ပြပေးထားသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွား ဧည့်သည် (Group Tour ၊ FIT Tour အပါအဝင်) များမှ အဆိုပါသတ်မှတ်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခရီးစဉ်အလိုက်ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြပါရန်...
Continue Reading
1 2 3 4 5