Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ချင်းပြည်နယ်၊ကန်ပက်လက်မြို့တွင် COVID-19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ်လ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ချင်းပြည်နယ် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ အနီးကပ်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချင်းပြည်နယ်၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များအသင်း (ချင်းဇုန်) ၏ ပူးပေါင်း ပါဝင်မှုဖြင့် COVID-19 ကြောင့် စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ကို ပြန်လည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) ၃ပတ် (၁၅)ရက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၇.၈.၂၀၂၀) ရက်နေ့တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ COVID-19 Relief Package 2 ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ) သင်တန်းကို မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ချင်းဇုန်)မှ နည်းပြ (၄)ဦး ဖြင့် သင်ကြားပို့ချလျက် ရှိပြီး ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ် ဝန်ထမ်းများ စုစုပေါင်း (၄၀)ဦးတို့ ပါဝင် တက်ရောက်လျက်ရှိ ပါသည်။ ယင်းဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းကို ဩဂုတ်လ (၁၇) ရက်မှ စတင်ပြီး (၃၁)ရက်ထိ ဖွင့်လှစ်ပိုချမည်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်း တက်ရောက်သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။