Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ (၂၅) ရက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို (၂၄-၁-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ အစည်း အဝေးသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ချင်း ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ကျင့်ဇမ်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ချင်းပြည်နယ် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပါသည်။ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးရုံးခွဲတာဝန်ခံက ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ချင်း ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို (Power Point) များဖြင့် ရှင်းလင်းတင်ပြခဲ့ပါကြောင်း သတင်းရရှိပါသည်။

Leave a Reply