Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၄ ကမ်းခြေဒေသများ သန့်ရှင်းသာယာလှပပြီး ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ယင်းဒေသများသို့ တိုးတက်ဝင်ရောက်လာရေးနှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်းများ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်နေစေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ငပလီကမ်းခြေဒေသ Aureum Palace ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။ ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန သံတွဲရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး က ငပလီကမ်းခြေဒေသရှိ ခရီးသွားလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်‌ထောင်စုဝန်ကြီးက ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း စနစ်တကျဖြင့် မြန်မြန်ဆန်ဆန်တိုးတက်လာရေးအတွက် အကောင်အထည်ဖော်ရန် လာရောက် တွေ့ဆုံခြင်းဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းတိုးတက်လာပါက ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများပါ တိုးတက်လာ မည်ဖြစ်ကြောင်း၊ ဒေသသို့ ခရီးသွားများပိုမိုဝင်ရောက်လာခြင်းကြောင့် ဒေသခံတို့အတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ခရီးသွား ဧည့်သည်များ တိုးတက်ဝင်ရောက်လာရေးအတွက် မူဝါဒပိုင်းဆိုင်ရာ နှင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ကဏ္ဍနှစ်ခုကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပြီး ပြည်ပခရီးသွားပိုမိုဝင်ရောက်လာရန် ဆွဲဆောင်ကြရန်လိုအပ်ကြောင်း၊ အလားတူ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြရမည် ဖြစ်ကြောင်း။ ဝန်ကြီးဌာနက လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းမှာ လူအချင်းချင်း ကူးလူး ဆက်ဆံမှုအပေါ်အခြေခံသည့်အတွက် ဧည့်သည်များ၏ စိတ်ကျေနပ်နှစ်သက်မှုရရှိရေးမှာ အရေးကြီးကြောင်း၊ ရှိနှင့်ပြီးသော ကမ်းခြေဒေသများကို သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ပြီး ဆက်စပ်လည်ပတ်နိုင်သော ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်နေသော ကျန်းမာရေးနှင့်ဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိအမှတ်ပြုမှုအစီအစဉ်ကဲ့သို့ အစီအစဉ်များတွင် ပါဝင်ကြစေလို ကြောင်း၊ ပလီကမ်းခြေဒေသခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် နိုင်ငံတော်နှင့် ဒေသ၏ အကျိုးစီးပွားကို အထူး ဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် ကြုံတွေ့ နေရသည့်အခြေအနေများ၊ ငပလီကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်နေမှုများ၊ ကမ်းခြေသာယာလှပရေးတို့ကို ဆွေးနွေးတင်ပြကြပြီး ပြည်‌ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပလီကမ်းခြေဒေသရှိ ဟိုတယ်များကို လှည့်လည်ကြည့်ရှုပြီး ဟိုတယ်သို့ လာရောက်တည်းခိုကြသည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်တည်းခိုရန်မြှင့်တင်ကြော်ငြာရေး၊ ဟိုတယ်ပရဝဏ်နှင့်ပတ်ဝန်းကျင် အမှိုက်သရိုက် များကင်းစင်ပြီး သာယာလှပသောအစိမ်းရောင်ဇုန်များ ဖော်ဆောင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြောင်း သတင်းရရှိသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply