Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ငရုတ်ကောင်းမြို့နှင့် ဂေါ်ရင်ဂျီကျွန်းတို့၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက် ပိုင်းတွင် ငွေဆောင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ငွေဆောင်‌ရုံးခွဲတည်ဆောက် မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ငရုတ်ကောင်းမြို့သို့သွားရောက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအား ငရုတ်ကောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ ဒေသ၏ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၏သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ဆက်စပ်လုပ်ငန်းများပ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ဒေသ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အပံ့ ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် စေရေး၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး တို့ကို ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO) များကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း။ DMO တွင်ပါဝင်သော အစိုးရ-ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ သွားလာလည်ပတ် လေ့ရှိသော ဂေါ်ရင်ဂျီကျွန်းသို့သွားရောက်ကာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်  နေမှုခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဂေါ်ရင်ဂျီဟိုတယ်သို့သွားရောက်၍ ဟိုတယ်တွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် Hotels Guest List Management System (HGLMS)ကို စနစ်တကျအသုံးပြုနေမှု ၊ လာရောက်တည်းခိုသည့် ဧည့်သည်များကို သန့်ရှင်းလတ်ဆတ်သည့် အသီးအနှံ များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဟိုတယ်တွင် စိုက်ပျိုးထားသော Organic စိုက်ခင်းနှင့် ဒေသထွက်ပစ္စည်းများရောင်ချထားမှု ၊ လာရောက်တည်ခိုမည့် ခရီးသွားဧည့်သည် များ အားကောင်မွန်သော ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဂေါ်ရင်ကျွန်းသည် အလားအလာရှိသော ကမ်းခြေခရီးစဉ်ဒေသဖြစ်သောကြောင့် ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ်စေရန်နှင့် ခရီးသွားလုပ်ငန်းကြောင့် သဘာဝအလှအပများ ပျက်စီးမှုမှုမရှိစေရန် စနစ်တကျကာကွယ်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ် Source From: Myawady  

Leave a Reply