
နေပြည်တော် ၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) အစည်းအဝေးကို (၂၀.၉.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးနှင့်ကော်မတီဝင်များ၊ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (မုံရွာရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးနှင့်တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများစုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက ယခင်ကျင်းပခဲ့ပြီးဖြစ်သည့် (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့်ယခု(၃/၂၀၁၉)အစည်းအဝေးတွင် ခွင့်ပြုဆောင်ရွက်မည့် ဟိုတယ်တည်ဆောက်ခွင့်နှင့်လုပ်ငန်း လိုင်စင်ဆိုင်ရာများ ၊ဟိုတယ်လိုင်စင်သက်တမ်းတိုးခြင်း ၊ ဧည့်လမ်းညွှန်လိုင်စင်သက်တမ်းတိုးဆိုင်ရာများ နှင့် ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုင်စင်ဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။
