Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ညောင်ရွှေတွင် အင်းလေးကန်အမှတ်တံဆိပ် Inle Lake Destination Brand မိတ်ဆက်ပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ (၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အင်းလေးကန်ခရီးစဉ်ဒေသစီမံခန့်ခွဲရေး စီမံကိန်းရေးဆွဲပြီး မဟာဗျူဟာ (၉) ရပ်ပေါ်တွင် အင်းလေးဒေသ ခရီးစဉ်စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းခဲ့ပါသည်။ မဟာဗျူဟာလုပ်ငန်းစဉ်များအရ အင်းလေးကန်အမှတ် တံဆိပ်ဖြစ်ပေါ်လာစေရန်အတွက် အင်းလေးကန်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဆက်စပ်ဌာန ဆိုင်ရာများနှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှ အသင်းအဖွဲ့များ ဝိုင်းဝန်းဆွေးနွေးမှု International Finance Cooperation (IFC) ပံ့ပိုးမှု Aus Aid UK Aid အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး (၃.၁၁.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အင်းလေးကန်အမှတ်တံဆိပ် Inle Lake Destination Brand မိတ်ဆက်ပွဲအခမ်းအနားကို ညောင်ရွှေမြို့နယ်၊ Royal Nadi Resort Hotel ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်နှင့် International Finance Cooperation မှ တာဝန်ရှိသူက အမှာစကား ပြောကြားပြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် IFC မှ ဦးသစ္စာတို့က အင်းလေးကန်ဒေသအမှတ်တံဆိပ် ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခဲ့ပြီး အမှတ်တံဆိပ် လမ်းညွှန်စာအုပ်ကို အင်းလေးကန်ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့ထံပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ညောင်ရွှေ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားကဏ္ဍဆက်စပ်အသင်း အဖွဲ့များ၊ အင်းလေး ဒေသခရီးစဉ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၇၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply