Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ညောင်‌ရွှေမြို့တွင် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်သော COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်၊ ဩဂုတ်လ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံး) ၏ စီစဉ်ကြီးကြပ်မှု၊ ဧည့်လမ်းညွှန်များအသင်း (ရှမ်းတောင် ဇုန်) မှဝါရင့်ဧည့်လမ်းညွှန်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ညောင်‌ရွှေမြို့တွင် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်သော COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံ (၈) ရက်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၄-၈-၂၀၂၀) ရက်နေ့တွင်  သင်တန်းကျင်းပရာ ညောင်ရွှေမြို့၊ သုခစက်လှေဆိပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။   အခမ်းအနားတွင် ညောင်‌ရွှေမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် ဧည့်လမ်းညွှန်များအသင်း(ရှမ်းတောင်ဇုန်) ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုတို့က သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကာ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ညောင်‌ရွှေမြို့တွင် ဒုတိယအကြိမ်မြောက်ဖွင့်လှစ်သော COVID- 19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဒေသခံစက်လှေမောင်းသမားနှင့် အိုးဝေဆိုင်ကယ်မောင်း သမား (၃၀) ဦးတက်ရောက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်း တက်ရောက် သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်း ပို့ချပေးသော ဆရာများအား တစ်နေ့လျှင် (၂၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးအပ်လျက် ရှိပါသည်။           ညောင်‌ရွှေမြို့တွင် အဆိုပါ COVID-19 Relief Package (I) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းများကို တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စိတ်ပါ ဝင်စားသူများ ညောင်ရွှေမြို့၊ ဟိုတယ်/ခရီး သတင်းနှင့်ပြန်ကြားရေးကောင်တာတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။