Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၂/၂၀၂၀) ကျင်းပ

နေပြည်တော်၊ မတ်လ (၁၇) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေ ၂၀၁၈ နှင့် အညီ ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို (၁၆-၃-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ ဉက္ကဌ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  ဒုတိယဉက္ကဌ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးနှင့် ကော်မတီဝင်များ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ က အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ် ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေး(၁/၂၀၂၀) ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ ဟိုတယ်တည်ဆောက်ခွင့် လျှောက်ထားမှုများ၊ ဟိုတယ်လုပ်ငန်းလိုင်စင်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် လျှောက်ထားမှုများ၊  ဟိုတယ်လုပ်ငန်းအခန်းတိုးနှင့် ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားမှုများ၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ပြန်လည်အပ်နှံခွင့် လျှောက်ထားမှုများကို ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပါသည်။

ထို့နောက်  တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သဘာဝအရင်းအမြစ်များ မထိခိုက်စေဘဲ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆိုင်ရာများ၊ တနင်္သာရီတိုင်းဒေသကြီးခရီးသွား လုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ၊ COVID-19 Virus ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု များနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းရေးကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply