Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

တနင်္သာရီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ Hotel Guest List Management System(HGLMS)သင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ မေလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ဆက်စပ်ဌာနဆိုင်ရာများသို့ နေ့စဉ်တည်းခိုသည့် ဧည့်စာ ရင်းပေးပို့မှုအဆင်ပြေစေရေး၊ စက္ကူသုံးစွဲမှုလျော့နည်းစေရေးတို့အတွက် သက်ဆိုင်ရာဒေသများရှိ ဟို တယ်နှင့်တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုသောခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့် ပေးပို့နိုင်ရန် Hotel Guest List Management System (HGLMS)စနစ်ကို တစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်း၌ စတင်အသုံးပြုနိုင်ရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ရုံးခွဲများ အနေဖြင့် သက်ဆိုင်ရာဒေသရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများလည်း လိုက်ပါအသုံးပြုနိုင်စေရေး လေ့ ကျင့်သင်ကြားပေးလျက်ရှိပါသည်။             တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက်တည်းခို သော ခရီးသွားဧည့်သည်များစာရင်းကို Online စနစ်ဖြင့်ပေးပို့နိုင်ရန် Hotel Guest List Management System (HGLMS)စနစ်အသုံးပြုမှုသင်တန်းကို (၂၁-၅-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ထားဝယ်ခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ များမှ သင်တန်းသား (၂၀) ဦးကို လည်းကောင်း၊ (၂၂-၅-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့ရှိ ဆက်စပ်ဌာနဆိုင်ရာများမှ သင်တန်းသား (၁၀) ဦးကို လည်းကောင်း သင်တန်း ပို့ချခဲ့ပါသည်။ အဆိုပါ Hotel Guest List Management System (HGLMS)စနစ်အသုံးပြုမှုသင်တန်းအား (၂၅-၅-၂၀၂၀) ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မြိတ်ရုံးခွဲနှင့် ကော့သောင်းရုံးခွဲ တို့မှ တာဝန်ခံဝန်ထမ်းများကို Online စနစ်ဖြင့် ထပ်ဆင့်ပို့ချသွားမည်ဖြစ်ပြီး အဆိုပါ ရုံးခွဲများမှ သက်ဆိုင်ရာခရိုင်များရှိ ဆက်စပ်ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်းများအား ဆက်လက်သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။