Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ

နေပြည်တော်၊ မတ်လ (၆) ရက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှ မတ်လ(၅)ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၁၅၇၅၀) ဦးနှင့် တတိယ နိုင်ငံသားနိုင်ငံခြားသား ခရီးသွားဧည့်သည် (၄၆၈) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသား (၃) ဦး၊  မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၂၇) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၅၂၆) ဦး ရှိကြောင်း သိရှိရပါသည်။ နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင် ကျေးရွာ၊နဂါးနှစ်ကောင်ဆရာတော် ကျောင်း၊ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်း ဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော် ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူစသည့် တိုင်းရင်းသားကျေးရွာ များသို့ လေ့လာလည်ပတ်ကြပါသည်။ ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်း ပြည့်ဆံတော်ရှင်၊  ကျိုင်းတုံ မြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရား ကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီ စေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်း သည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှတဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ် များအား ဝင်ရောက်လည်ပတ်ခဲ့ကြပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၅) ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်ပေါက်မှ ဝင်ရောက်ပြီး မြန်မာနိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်အသီးသီးမှ ထွက်ခွာသည့် ခရီးစဉ် (၆) ခု၊ မော်တော်ယာဉ် (၁၉) စီး၊ မော်တော်ဆိုင်ကယ် (၁၁) စီး၊ လူဦးရေ (၇၀) ဦးတို့ အသီးသီး ဝင်/ထွက် ခဲ့ပါသည်။ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) မတ်လ (၅) ရက်နေ့အထိ  နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား (၁၉၃၄၂၅) ဦး ၊ တတိယနိုင်ငံသား အများစုပါဝင်သော ခရီးသည် (၃၈၁၉) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား/တတိယနိုင်ငံခြားသား (၁၀) ဦး ၊ မိုင်းဖြတ်၊ ကျိုင်းတုံ စုစုပေါင်းဧည့်သည် (၂၆၄၀) ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့်  စုစုပေါင်း နိုင်ငံခြားသား (၈၀၂၇) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

Leave a Reply