Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ထားဝယ်မြို့တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ (၃၁) ရက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ)သည် ဆက်စပ်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ဟိုတယ် နှင့်တည်းခိုရိပ်သာလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနှင့်လိုင်စင်လျှောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို (၂၉-၁-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဟိုတယ်/တည်းခိုရိပ်သာများနှင့် ခရီးလှည့်လည်ရေးလုပ်ငန်းရှင်များ ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ထားဝယ်)ရုံးခွဲမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ-၂၀၁၈ ပါ ပြဌာန်းချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက် များနှင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်ဒဏ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်/တည်းခိုရိပ်သာများနှင့် ခရီးလှည့် လည်ရေးလုပ်ငန်းရှင်များအား ယခုဖြစ်ပေါ်လျက် ရှိသော ၂၀၁၉ Novel Coronaviras နှင့်ပတ်သက်သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆက်သွယ် ဆောင်ရွက် ရမည့်အခြေအနေများကိုလည်းကောင်း  ရှင်းလင်းဆွေးနွေးပြီး ဟိုတယ်နှင့်တည်းခို ရိပ်သာများ၌ အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရန် အကြောင်းကြားထားရှိမှုတို့အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ လုပ်ကိုင်ခွင့် များ လျှောက်ထားရာ တွင် စက်မှု/စီးပွားမြေငှားဂရန် ပြောင်းလဲလျှောက်ထားခြင်း၊ ဘိုးဘွားပိုင်မြေ သတ်မှတ်ခြင်းတို့နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး က သစ်တောမြေစီမံခန့်ခွဲမှုများနှင့် မြေငှားရမ်း၍ စီးပွားရေးလုပ်ဆောင်မှုဆိုင်ရာများကိုလည်းကောင်း၊ လယ်ယာ စီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက မြေသုံးစွဲမှုဆိုင်ရာများ၊ မြေဂရန်အမျိုးအစားများပတ်သက်၍လည်းကောင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး က အခွန်ပေးဆောင်ရမည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းမှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။  

Leave a Reply