Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရ ဥက္ကဋ္ဌ Mr. YAN JINHAI နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရဥက္ကဋ္ဌ Mr. YAN JINHAI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ JASMINE NAYPYITAW ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။ ဆွေးနွေး တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်မှု၊ Visa on Arrival ခွင့်ပြုပေးထားမှု၊ တရုတ်နိုင်ငံရှိမီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ပါဝင်သော ရင်းနှီးကျွမ်းဝင် မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) စီစဉ်ဆောင်ရွက်နေမှု၊ မြန်မာ- တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်နေမှု၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊  ရှီကျန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ အပြန်အလှန် သွားလာလည်ပတ်ရေး နှင့် ဘုရားဖူးခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့် ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသအစိုးရ ဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ သို့ သွားရောက်လည်ပတ်ခဲ့ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ် Source From: Kyemon

Leave a Reply