Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းဆင်းပွဲ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁၂ ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း သင်တန်းကျောင်းတို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်) နှင့် Htoo Group of Company မှ တာဝန်ရှိသူများ၊ ကန်တော်ကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်း ကျောင်းကဲ့သို့ အစဉ်အလာကောင်းမွန်သော သင်တန်းကျောင်းများအနေဖြင့် ဝန်ကြီး ဌာနနှင့် ပိုမိုပူးပေါင်းပြီး ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေး၊ အရည်အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတကာနှင့်‌ဒေသတွင်း ကျွမ်းကျင်မှုစံနှုန်းများနှင့်အညီ လိုက်နာ သင် ကြားရေးကို ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရန်ကုန်) ဥက္ကဌတို့က သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဆုရရှိကြသော သင်းတန်းသား သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ စန္ဒကူးလမ်းရှိ မော်တော် ယာဉ်ဌာနစိတ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းများ၊ ဆူးလေမီး သတ်အနီးရှိ မြန်မာ့ခရီးသွားဘဏ်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို ခရီးစဉ်ဒေသ ဆိုင်ရာအချက်အလက်များ လွယ်ကူစွာသိရှိနိုင်ရန် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာနှင့် ယခင်ဧည့်လမ်း ညွှန်သင်တန်းကျောင်း တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပန်းဘဲတန်းမြို့နယ်ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(CTD) သင်တန်းကျောင်းသို့သွားရောက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply