Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဝန်ထမ်းများ တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၈   သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်ရုံးခွဲများအလိုက်စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာန နှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ကြိုးစားကြရမည်ဖြစ် ပါကြောင်း၊ အရည်အချင်းစစ်စာမေးပွဲကိုလည်း ဝန်ထမ်းများအနေဖြင့် ကြိုးစားဖြေဆိုကြရန် အားပေးမှာကြားသည်။ အဆိုပါ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော်(ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများနှင့် ပြည်တွင်း/ ပြည်ပ သင် တန်းများသို့ တက်ရောက်သင်ကြားနေသော ဝန်ထမ်းများက သက်ဆိုင်ရာ ရာထူးအဆင့်နေရာ များအလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ သတင်းစဉ် Source From: Kyemon

Leave a Reply