ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၉)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၊ ဇွန်လ ၁၂ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှု ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပဲခူးရုံးခွဲ)၏ကြီးကြပ်မှုဖြင့်(၁၃-၅-၂၀၁၉)ရက်နေ့မှ(၈-၆-၂၀၁၉) ရက်နေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည့် ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)သင်တန်းဆင်းပွဲအခမ်းအနားကို (၁၀-၆-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ Famous Hotel ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပဲခူးရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ဟိုတယ်လုပ်ငန်းရှင်များနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် ဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများ၏ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 

အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းတွင် အင်္ဂလိပ်ဘာသာရပ် (အရေးနှင့် စကားပြော)၌ သင်တန်းသား (၂၅)ဦး၊ တရုတ်ဘာသာရပ်(အရေးနှင့်စကားပြော)၌ သင်တန်းသား (၅၀)ဦး၊ ဂျပန်ဘာသာရပ်(အရေးနှင့်စကားပြော)၌ သင်တန်းသား(၄)ဦး၊ ကိုးရီးယားဘာသာရပ် (အရေးနှင့် စကားပြော)၌ သင်တန်းသား(၅)ဦး၊ စုစုပေါင်း သင်တန်းသား (၈၄)ဦး တက်ရောက်အောင်မြင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply