Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃ ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပုဂံရုံးခွဲတာဝန်ခံများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်က ပထမအကြိမ် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟို‌ကော်မတီ အစည်းအဝေးက ချမှတ်ထားသည့် မူဝါဒ များကို လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် စီမံချက်ချမှတ်ဆောင်ရွက်သွားရမည်ဖြစ် ‌ကြောင်း၊ သဘာဝပတ်ဝန်းကျင် အနေအထား၊ အားကစား၊ အစားအသောက်၊ ကျေးလက် ဓလေ့ထုံးစံများကို အခြေခံသည့် လှုပ်ရှားဖော်ဆောင်မှု အစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းများနှင့်အညီ Startup Project များအဖြစ် အစပျိုး အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Online မှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ တာဝန်ခံများက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ HSP သင်တန်းများ ဖွင့်လှစ်မည့် အစီအစဉ်၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်နေမှုအခြေအနေ၊ Startup Project ဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံများကို ရှင်းလင်းတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ Source From: Myanmar Alin

Leave a Reply