Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

နေပြည်တော်ကို GREEN CITY၊ CLEAN CITY၊ SMART CITY ဖြစ်စေရန် သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးဆောင်ရွက်နေ ခရီးသွားဧည့်သည်များ တည်းခိုရန် ဟိုတယ်များ သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ နိုင်ငံတော်ဧည့်ဂေဟာရှိဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံပြီး မြို့တော် နေပြည်တော်ကို “GREEN CITY၊ CLEAN CITY၊ SMART CITY” ဖြစ်စေရန် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနမှလည်း Tourism Hub ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း နိုင်ငံတော်မှ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မြို့တော်၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။ ယခုအခါ နေပြည်တော်သည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရာ ဟိုတယ်များအနေဖြင့် သန့်ရှင်းမှု၊ သာယာလှပမှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတကာအဆင့်မီဟိုတယ်တစ်ခု ဖြစ်စေရေး အတွက် ဟိုတယ်တွင် ဝန်ဆောင်မှုပေးနေသူများအားလုံး၏ ဝတ်စားဆင်ယင်မှုမှအစ ဝန်ဆောင်မှု ပေးသည်အထိ သပ်သပ်ရပ်ရပ်၊ သန့်သန့် ရှင်းရှင်း၊ သေသေသပ်သပ်နှင့် Neat and Tidy ဖြစ်ရန်လည်း အထူးအရေးကြီးပြီး ဧည့်သည်များစိတ်ချမ်းမြေ့စွာ အပန်းပြေနားနေနိုင်စေရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပြီး ဟိုတယ်များ သန့်ရှင်းသာယာလှပရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရာဇသင်္ဂဟလမ်းမကြီး ဘေးဝဲယာရှိ အတွင်းလမ်းနှင့် ဟိုတယ်ဧရိယာအကြား သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှု၊ နိုင်ငံတော်ဧည့်ဂေဟာများနှင့် ဟိုတယ်များအတွင်း သစ်ပင်ကြီးများအလင်းဖွင့်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။           နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည့်အတွက် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လာရောက်သည့်အခါတွင် မြန်မာနိုင်ငံ၏ စံပြမြို့တော်အဖြစ် ပုံရိပ်ကောင်းများ စွဲထင်နေစေရေး၊  ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရာ အချက်အချာနေရာတစ်ခု အဖြစ် ဖြစ်ပေါ်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် စဉ်ဆက် မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply