Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၂၅) နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ကန့်သတ်ထားမှုများ

နေပြည်တော်၊ ဇွန်လ (၂၃) ရက်

 

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

၂။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက်  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များမှ နိုင်ငံခြားသားများ ဝင်ရောက် သွားလာခြင်းကို ကန့်သတ်မှုများ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ  Stay Home သတ်မှတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်တွင် နေထိုင်သော နိုင်ငံခြားသားများမှအပ မြန်မာနိုင်ငံတွင် တရား၀င် နေထိုင်သွားလာခွင့် ရရှိထားသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားရှိသည့် လုံခြုံရေးကန့်သတ်ချက်ရှိသော နယ်မြေဒေသများမှအပ ကျန်ဒေသများသို့ ကန့်သတ်မှုမရှိ သွားလာနိုင်ကြောင်း သိရှိရပါသည်။

၃။ သို့ပါ၍ ဖော်ပြပါ သတ်မှတ်ချက်ကို ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသူများ သိရှိလိုက်နာ ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။