Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပုဂံညောင်ဉီးဒေသ၌ ပြည်တွင်းခရီးသွားဧည့်သည်စစ်တမ်း(Local survey) ကောက်ယူ

နေပြည်တော်၊ သြဂုတ်လ(၁၁)ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအပြင် ဆက်စပ်လုပ်ငန်း များပါ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာ စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်နှင့် ဒေသတွင်းခရီးစဉ်သစ်များ ရှာဖွေဖော်ထုတ်၍ ခရီးသွားလုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ပြည်တွင်းခရီးသွားဧည့်သည်စစ်တမ်း (Local survey) ကောက်ယူလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ လတ်တလောဖြစ်ပေါ်လျက်ရှိသော COVID-19 ရောဂါကြောင့် ကျဆင်းလျက်ရှိသည့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဉီးမော့လာစေရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ (၈-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေမှူး ဉီးဝင်းအောင်နှင့် အရာထမ်း၊ အမှုထမ်းများသည် ပုဂံညောင်ဉီးမြို့ရှိ အလိုတော်ပြည့် ဘုရားအနီးနှင့် ပုဂံမြို့သစ်ရှိ လောကနန္ဒာဘုရားအခြေတွင်လည်းကောင်း၊ ကျောက်မျက်မော် ဘုရားနှင့် ပုဂံမြို့ဟောင်းရှိ သရပါတံခါးအနီးသို့ သွားရောက်၍ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသော ပြည်တွင်းခရီးသွားဧည့်သည်များကို သွားရောက်တွေ့ဆုံ ကာ ခရီးသွား ဧည့်သည်စစ်တမ်း Local survey များ ကောက်ယူခဲ့ကြောင်း သတင်းရရှိပါသည်။