
12
Aug
ပုသိမ်မြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်း (၃) မျိုးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဩဂုတ်လ (၁၂) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်၏ စီစဉ်ကြီးကြပ်မှု၊ New Chaung Tha Hotel ၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်/ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ်/ တည်းခိုရိပ်သာဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်း (၃) မျိုး၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၈-၇-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းသာဟိုတယ်ဇုန်ရှိ Gerizim Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ချောင်းသာမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များ၊ ဟိုတယ် GM/မန်နေဂျာများ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သူဦးရေ (၈၃) ဦး၊ အခမ်းအနားသို့ စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းများကို ၈-၇-၂၀၂၄ ရက်နေ့မှ ၇-၈-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပါတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/ သူ (၈၃) ဦး တက်ရောက်သင်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။