Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်တွင်းဘုရားဖူးခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားနိုင်မည့် စံလုပ်ငန်းစဉ် (SOP)

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၄) ရက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းခရီးသွားများအား နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုရားဖူးခရီးစဉ်များ သွားလာခြင်း၊ ခရီးစဉ်ဒေသ အသီးသီးသို့ သွားလာလည်ပတ်ခြင်းအပါအဝင် တစ်ပိုင်တစ်နိုင်ခရီးစဉ်ပို့ဆောင်ပေးနေသော လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ခရီးသွားလုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုသည့်အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်း (MSMEs) များ အပါအဝင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာခြင်း၊ လူနေမှုအဆင့်အတန်းများ မြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိသော ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများအား ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများမှစိစစ်၍ လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိပြီး ခရီးသွားလုပ်ငန်းများ အဆင်ပြေ စေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာတွင် တစ်ပိုင်တစ်နိုင်ဝန်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းငယ်များ တရားဝင်အသိအမှတ်ပြုနိုင်ရေးလုပ်ငန်းစဉ်များ တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် တိကျသည့် စံလုပ်ငန်းစဉ် (SOP) ရေးဆွဲထုတ်ပြန်ပေးသွားရန် (၆-၁၀-၂၀၂၃) ရက်နေ့တွင် ပြုလုပ်ခဲ့သော ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးတွင် ဆုံးဖြတ်ထားရှိခဲ့မှုနှင့်အညီ စံလုပ်ငန်းစဉ် (SOP) ရေးဆွဲ အတည်ပြုထားရှိပြီးဖြစ်ပါသဖြင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လျှောက်ထားနိုင် သည့် ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလျှောက်လွှာနှင့် အသိအမှတ် ပြုလက်မှတ် (နမူနာပုံစံများ)၊ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်၊ အထောက်အထားများ အား သိရှိနိုင်ပါရန် ဖော်ပြလိုက်ရပါသည်။    

Leave a Reply