Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပုဂံ၌ ကျင်းပပြုလုပ်မည့် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားဖိုရမ်အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးနှင့် ဟိုတယ်များအဆင့် အတန်းမီ ဝန်ဆောင်မှုပေးနိုင်စေရေးကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ ၃ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် ၂−၁၁−၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပုဂံမြို့သို့ ရောက်ရှိကာ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပုဂံ၌ ကျင်းပပြုလုပ်မည့် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်းဖိုရမ် အဆင်ပြေချောမွေ့စွာကျင်းပ နိုင်ရေးနှင့် ဟိုတယ်များအဆင့်အတန်းမီ ဝန်ဆောင်မှု ပေးနိုင်စေရေးအတွက်ပုဂံမြို့ရှိဟိုတယ်များသို့ ကွင်းဆင်းစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂−၁၁−၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် Bagan Information and training Center ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲရှိ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ၌ပုဂံရုံးခွဲတာဝန်ခံမှ ပုဂံဒေသ၏ခရီးသွားလုပ်ငန်း အခြေအနေ၊ ဧည့်သည်ဝင်ရောက်မှု၊ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးမှ တင်ပြချက်များအပေါ်လိုအပ်သည်များ ကိုလမ်းညွှန်ပြီးနောက်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှင်မြန်ကောင်းမွန်အောင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဘာသာစကားနှင့် ကွန်ပျူတာ ကိုဝန်ထမ်းများလေ့လာဆည်းပူးထားရန်လိုအပ်ကြောင်း၊ ထို့ပြင် ပုဂံဒေသတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် ပုဂံဒေသရှိယဉ်ကျေးမှုများမပျောက် မပျက်အောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်းပြောကြားပါသည်။ ဒုတိယဝန်ကြီးမှ ပြောကြားရာတွင်မြန်မာနိုင်ငံသို့လာရောက်သည့် ဧည့်သည်များ အနေဖြင့် လိုအပ်သည့် ခရီးသွား လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များအားအချိန်နှင့်တပြည်းညီသိရှိနိုင်စေရန်အတွက် QR Code ဖြင့်ဆောင်ရွက်ခြင်း၊ Phone Application ဖြင့်ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ Digital Marketing စနစ်ကိုပိုမို တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် ထိရောက်သော စျေးကွက်မြှင့်တင်ခြင်းများကိုဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း (ပုဂံဇုံ)၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပုဂံဇုံ)၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်း(ပုဂံဇုံ)၊ မြန်မာနိုင်ငံခရီးသွားသယ်ယူ ပို့ဆောင်ရေးအသင်း (ပုဂံဇုံ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မဟာမဲခေါင်ခရီးသွားလုပ်ငန်း အစည်းအဝေးနှင့် မဲခေါင်ခရီးသွားဖိုရမ် အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေး နှင့်ပုဂံဒေသခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံက အလှည့်ကျကျင်းပရန်ရှိသော မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွား ဖိုရမ်ကျင်းပမည်ဖြစ်ရာ ဝန်ကြီးဌာနပိုင်းမှ အစည်းအဝေးနှင့် အခမ်းအနားများ ကျင်းပရေးအတွက် ကြီးမှူးဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရေးအတွက် ပုဂ္ဂလိကပိုင်းမှ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး၊ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာလှည့် ခရီးသည် ပိုမိုဝင်ရောက်ရေးအတွက် ပြည်ဝင်ဗီဇာ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဖြေလျော့ဆောင်ရွက်မှုများ၊ နိုင်ငံတကာခရီးသွား ဆွေးနွေးပွဲ များနှင့်ပြပွဲများတွင် ပါဝင်မြှင့်တင်ဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းကို Digital စနစ်ဖြင့် မြှင့်တင်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြား ပါသည်။ ဒုတိယဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အသေးစားနှင့် အလတ်စား ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားပါရန် ဆွေးနွေးပြောကြားပါသည်။ ထို့နောက် ယင်းနေ့ညနေပိုင်းနှင့်(၃−၁၁−၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မဟာမဲခေါင်ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားဖိုရမ် ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးနှင့် ဟိုတယ်များအဆင့်အတန်းမီဝန်ဆောင်မှု ပေးနိုင်စေရေးအတွက်ပုဂံမြို့ရှိဟိုတယ်များသို့ ဆက်လက်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် (၃−၁၁−၂၀၁၉) ရက်နေ့၊ နံနက်တွင် ဝန်ကြီးဌာနနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်နေသောသီရိပစ္စယာဆာကူရာဟိုတယ်သို့ ရောက်ရှိပြီးညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပုဂံ−ညောင်ဦးဒေသ၌ဟိုတယ်လုပ်ငန်းများစနစ်တကျဖွံ့ဖြိုးရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply