Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Exploring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၆

          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် Exploring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu အား ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံစဉ် တရုတ်-မြန်မာ အစိုးရ-ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံရှိခရီးစဉ်ဒေသများအကြောင်း တရုတ်ခရီးသွားဧည့်သည် များ ပိုမိုသိရှိနိုင်ရေးအတွက် တရုတ်နိုင်ငံသုံး Social Media အကောင့်များမှတစ်ဆင့် မြှင့်တင် ကြော်ငြာသွားနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊  မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရေး၊ တရုတ်နိုင်ငံမှ ပင်လယ်ရေ ကြောင်း အပျော်စီးသင်္ဘောများဖြင့်လာရောက်မည့် ခရီးသွားဧည့်သည်များကို ဖိတ်ခေါ်ရေး၊ အပျော်စီးသင်္ဘောခရီးစဉ်များ စီစဉ်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များနှင့် တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် Exploring Myanmar Culture and Tourism Organization နှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး  ဆွေးနွေးကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြု လက်မှတ်ကို Exploring Myanmar Culture and Tourism Organization ၏ ဥက္ကဋ္ဌ Mr. David Liu ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Leave a Reply