12
Jan
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကချင်ပြည်နယ် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံ
နေပြည်တော် ဇန်နဝါရီ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးဆွေနှင့်အတူ ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Resort ၌ ယနေ့မွန်းလွဲ (၃) နာရီ တွင် ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ် ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက Public Private Dialogue ကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တာဝန်ခံများနှင့် Online Zoom Meeting ဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ကချင်ပြည်နယ်ရှိ လုပ်ငန်းရှင်များကိုလည်း ပါဝင်၍ တက်ရောက်စေမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ (၂) ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြစ်ကြီးနားခရိုင်/ မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြမှုများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံနှင့် အတူ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Source From : Kyemon