Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ရုရှားခရီးသွားများလာရောက် လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရုရှားခရီးသွားများအတွက် တည်းခိုသွားလာလည်ပတ်မှု၊ စားသောက်မှုများ အပါ အဝင်ပြီးပြည့်စုံသော Package  Tour အစီအစဉ်များအား ရေးဆွဲပံ့ပိုးပေးစေလိုပါကြောင်း၊ ရော့စ်ကွန်ဂရက်အဖွဲ့အနေဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက “Welcome Russia” Program in Myanmar အစီအစဉ်အား ရေးဆွဲလျက်ရှိပြီး ပြီးပြည့်စုံသော Package Tour ရေးဆွဲ ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံလေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနက  လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် ကျန်းမာရေး အာမခံဝယ်ယူရေး အဆင်ပြေလွယ်ကူမှုရှိစေရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးအကြံပြုချက်များကို ရုရှားခရီးသွားများအား ကြိုဆိုမည့်အစီ အစဉ်တွင်လည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း နှစ်နိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply