Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အသိပေးကြေညာချက်

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက် ၁။      အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019- COVID-19) မြန်မာ နိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက် ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက် ရောဂါအဖြစ် ၂၈-၂-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၁၉/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂။       အဆိုပါ ကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနတို့က ၂၉-၃-၂၀၂၀ ရက်နေ့စတင်၍ ကြေညာခဲ့ပြီး ၃၁-၃-၂၀၂၂ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ၃။      ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတို့ သိသာစွာကျဆင်းလာပါသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီ ကန့်သတ်သည့် အစီအစဉ်အား  ၁၆-၄-၂၀၂၂ရက်၊ ၂၃:၅၉ နာရီအချိန်အထိ သတ်မှတ်ပါကြောင်းနှင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအား  ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့်အညီ ၁၇-၄-၂၀၂၂ ရက် (မြန်မာနှစ်ဆန်းတစ်ရက်)၊ ၀၀:၀၀ နာရီအချိန်မှစတင်၍ သတ်မှတ် စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ပါကြောင်း  အသိပေးကြေညာအပ် ပါသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply