Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီသတင်းထုတ်ပြန်ချက်(၂/၂၀၂၀)

၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၈ရက်

၁။           Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း (၈၈) ခုကိုချေးငွေထုတ်ယူခွင့်ပြုခဲ့ရာအဆိုပါလုပ်ငန်းများအနက်မှ မြန်မာ့စီးပွားရေးဘဏ်၏ စိစစ်ချက်အရချေးငွေထုတ်ပေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပူးတွဲ (က) ပါ လုပ်ငန်း (၈၅) ခုကိုချေးငွေများထုတ်ပေးလျက်ရှိပါသည်။ ၂။            ဆက်လက်၍ဒုတိယအသုတ်အဖြစ်ပူးတွဲ (ခ) ပါ လုပ်ငန်း (၁၁၃) ခုအားCOVID-19 Fund မှချေးငွေထုတ်ယူခွင့်ပြုလိုက်ပါသည်။ ၃။           အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအားမြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ ချေးငွေများထုတ်ပေးလျက်ရှိပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအားချေးငွေများဆက်လက်ထုတ်ပေးနိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိပါ ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။