Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ပခရီးသွားများပါ ပိုမိုသိရှိလာရောက်လည်ပတ်စေရန် ပြင်ဦးလွင်ဒေသ၏ တောတောင်ရေမြေ သဘာဝအလှအပများနှင့် ထူးခြားသည့်ဆွဲဆောင်မှုများကို ခရီးစဉ်များရေးဆွဲဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ လေကြောင်းလိုင်းများမှတစ်ဆင့် ခရီးသွားလာလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် လေဆိပ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ လှည့်လည်ကြည့်ရှု မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၊ သီရိမြိုင်ဟိုတယ်နှင့် ဂန္ဓမာမြိုင်ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်များတွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ ဟိုတယ်ပရဝဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်အဆောက်အအုံများ နိုင်ငံတကာ အဆင့်မီကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး၊ လာရောက်လည်ပတ်တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသော ဝန်ဆောင် မှုကောင်းများဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ အစီအစဉ်များဆောင်ရွက် ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြည်တွင်းခရီးသွားများသာမက ပြည်ပ ခရီးသွားများပါ ပိုမိုသိရှိလာရောက် လည်ပတ်စေရန်အတွက် ပြင်ဦးလွင်ဒေသ၏ တောတောင်ရေမြေ သဘာဝအလှအပများနှင့် ထူးခြားသည့် ဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့်ဗီဒီယိုများကို လူသိများသော မီဒီယာ Channel များ၊ Online မီဒီယာများမှတစ်ဆင့် မြှင့်တင်ကြော်ငြာခြင်း၊ ခရီးသွားအေဂျင်စီများနှင့် ပူးပေါင်း၍ ခရီးစဉ်များရေး ဆွဲဆောင်ရွက်ခြင်းစသည့် ခရီးစဉ်ဒေသမြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply