Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

“ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၁)”သို့ ပါဝင်တက်ရောက်၍ရရှိခဲ့သည့် အတွေ့အကြုံများအားရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန်လ ၁၅ ရက် နိုင်ငံတော်၏ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်လျက် ရှိကြသော ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အရည်အသွေးများတိုးတက်ရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရည်အသွေးရှိပြီး ထိခိုက်မှု Risk များကို လျော့ချ နိုင်ရန်နှင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေကို ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ဦးဆောင်ဖွင့်လှစ်သင်ကြားခဲ့သည့် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာများတွင် တာဝန် ယူဆောင်ရွက်လျက်ရှိသော ညွှန်ကြားရေးမှူးအဆင့်ရှိ အရာထမ်းများအတွက် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံ သင်တန်း အမှတ်စဉ် (၁) သို့ တက်ရောက်ခဲ့ကြသူများ၏ သင်တန်းမှ ရရှိခဲ့သည့် အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ (၁၅-၆-၂၀၂၂) ရက်နေ့ မွန်းလွဲ (၀၁:၃၀) တွင် ဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး များ၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်း များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်း များ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနအ‌နေဖြင့် မီးခဲပြာဖုံးဖြစ်နေသော နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းများ ဖော်ထုတ်နိုင်ရေးအတွက် ခရီးသွား လုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကျင်းပလာခဲ့ရာ (၁၂) ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ ထို့အပြင်ဘာသာရပ်အလိုက် ပြည်တွင်း၊ ပြည်ပသင်တန်းတက်ရောက်ခဲ့ကြသူများမှ အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ရန်ပုံ ငွေ၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကို သုံးစွဲရာ၌ စနစ်တကျချိန်ဆကာ သုံးစွဲရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့သောစီမံကိန်းများ၊ ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့သောစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိအောင်လုပ်ကိုင်ရမှာ ဖြစ်ပြီး အကျိုးရှိရှိထိထိရောက်ရောက် သုံးစွဲအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံ လိုက်ခြင်းမှ အကျိုးရလဒ်များကို တွက်ချက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သုံးစွဲလိုက်သော ဘဏ္ဍာငွေကြေးများသည် အကျိုးရှိကာ Valuable ဖြစ်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။ ဆက်လက်၍ သင်တန်းသို့တက်ရောက်ခဲ့ကြသူများက မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုများ၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ၊ စာရင်းစစ်ဆေးခြင်း၊ အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ၊ စီမံကိန်းစိစစ်ခြင်းများ၊ ပြည်သူ့ဘဏ္ဍာဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပြည်ပ အကူ အညီအထောက်အပံ့များအား စီမံခန့်ခွဲခြင်း စသည့်အကြောင်းအရာများအား အသီးသီးဆွေးနွေး တင်ပြကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ၂၂-၁၁-၂၀၂၁ ရက်နေ့မှ ၁၇-၁၂-၂၀၂၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။    

Leave a Reply