Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ပြည်‌ထောင်စုဝန်ကြီး ဦးအုန်းမောင် JATA FAM Trip Welcome Dinner နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရန်ကုန်  ၊ ဒီဇင်ဘာလ ၁ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်‌ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ Pullman Yangon Centre point Hotel ၌ကျင်းပပြုလုပ်သည့် ဂျပန်နိုင်ငံမှလာရောက်သော JATA FAM Trip ခရီးစဉ်ကိုယ်စားလှယ် များ အားကြိုဆိုသည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်ပါသည်။

ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဂျပန်လူမျိုးခရီးသွား များမြန်မာနိုင်ငံသို့တိုးတက်ဝင်ရောက်ရေးအတွက် ယခုကဲ့သို့ FAM Trip ခရီးစဉ်များစီစဉ်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း ၊ ခရီးသွားမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ရာတွင် ဈေးကွက်အလိုက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း ၊ ဗီဇာပေါ် လစီများ ဖြေလျော့ပေးခြင်း ၊ နိုင်ငံတကာ ခရီးသွားပြပွဲများ တွင်ဝင်ရောက်ပြသခြင်း ၊ Digital Marketing ဖြင့် ခရီးသွားများ ပိုမိုသိရှိလာရောက် လည်ပတ်ရန် ဆောင်ရွက် ခြင်း၊ ယခုကဲ့သို့ FAM Trip ခရီးစဉ်များ စီစဉ် ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ယခုအစီအစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ် များအနေဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ငြိမ်းချမ်းဖွံ့ဖြိုးမှုနှင့် လည်ပတ်ချင်စရာ ကောင်းသောခရီးစဉ်ဒေသ တစ်ခုဖြစ်မှု တို့ကို တွေ့ကြုံခံစား ခဲ့ရသည့် ပကတိအတိုင်းပြန်လည်မျှ ဝေပေးစေလိုပါကြောင်း ၊ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အားလုံးအဆင်ပြေချောမွေ့စေလိုပါကြောင်း စသည်ဖြင့်ပြောကြား ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး ၊ နှင့်JATA FAM Tripအဖွဲ့ တာဝန်ရှိသူတို့မှ အသီးသီးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး ညစာစားပွဲကို ညပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါညစာစားပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ၊ ညွှန်ကြားရေးမှုးချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း တာဝန်ရှိသူများ၊ JATA FAM Trip အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အဆိုပါအဖွဲ့ဝင်များ သည်မြန်မာနိုင်ငံခရီး စဉ်အတွင်း ရန်ကုန် ၊ ပုဂံ နှင့်အင်းလေးဒေသ တို့သို့ (၃၀-၁၁-၂၀၁၉)ရက်နေ့မှ(၄-၁၂-၂၀၁၉)ရက်နေ့ အထိသွားရောက်လေ့လာကြည့်ရှုကြမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီးတို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးညှိနှိုင်းအစည်းအဝေး သို့တက်ရောက်ပါသည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးမှအမှာစကားပြောကြားရာတွင် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အစိုးရကဏ္ဍအပြင် ပုဂ္ဂလိကကဏ္ဍမှလည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ သို့ဖြစ်ပါ၍ နိုင်ငံတကာသို့ နှစ်စဉ်သွားရောက်ပြသလျက်ရှိသည့် ခရီးသွားပြပွဲ များကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လည်းဆက်လက်ပြသသွားမည်ဖြစ်ပါကြောင်း ၊ အဆိုပါပြပွဲများ သို့သွားရောက်ပြသရာတွင် ထိရောက်မှုရှိစေရန်အတွက် လိုအပ်သည်များကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြု စေလိုပါကြောင်းစသည်ဖြင့်ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ ပြောကြားရာတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် အသင်းအဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေး ကြသဖြင့် ဝမ်းမြောက်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ပန်ပက်ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းကဲ့သို့နေရာများနှင့် မိုးကုတ် ကဲ့သို့နေရာများကို ဧည့်သည် များသွားလာလည်ပတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ ထို့အပြင် ခရီးသွားဧည့်သည်များကို ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေသည့် Information Center များကိုအဆင့်မြှင့်ဆောင်ရွက်သွားရန်ရှိပါကြောင်း ၊ ဝန်ကြီးဌာနမှလွှင့်တင်ထားသည့် Tourism Web Portal ကိုလည်း ဘာသာစကား(၁၀)မျိုးဖြင့် ကြည့်ရှုနိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်း ၊ဌာန၏လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန် ဆောင် ရွက်နိုင်ရေးအတွက်လည်း E – Government စနစ်သို့သွားနိုင်ရေးနှင့် Less Paper ဖြစ်အောင် လည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဉက္ကဌ ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအသင်းတာဝန်ရှိသူများ ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့ တာဝန်ရှိသူများမှ ရှေ့ဆက်လက်ဆောင် ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

About the author

Leave a Reply