Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၃) အစည်းအဝေးကျင်းပခြင်း နှင့်စက်ဘီးစီးခရီးစဉ် (Bike Tourism)ဖြင့်ခရီးစဉ်ဒေသမြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို (၂၀.၁၀.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်မှ တက်ရောက် အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် ကော်မတီဝင် ဒုတိယဥက္ကဋ္ဌမှ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးလမ်းညွှန်မှာကြားချက်များနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ မကွေးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးလမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်မှုအခြေအနေ ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ (DMO)ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဖွင့်လှစ်မည့်သင်တန်းများ ရေနံချောင်းသဘာဝဂျပ်ကြား ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကိုတင်ပြပြီး ကော်မတီသို့ အတည် ပြုချက်ရယူခဲ့ကြောင်းသိရှိရပါသည်။ (၂၆.၁၀.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ပိုမိုသိရှိ လာရောက်လည်ပတ်နိုင်စေရေးနှင့် စက်ဘီးစီးခြင်းဖြင့် ကြော်ငြာမြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးပွဲ အခမ်းအနားကို မကွေးမြို့ရှိ ပုလဲရွှေရည်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ၊ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် စက်ဘီးစီးအဖွဲ့ချုပ်မှ စက်ဘီးစီးအားကစားသမားများ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအတွင်း စက်ဘီးစီးခရီးစဉ်များ (Bike Tourism ) ဆောင်ရွက်လုပ်ဆောင်မှုအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Leave a Reply