Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၃)အစည်းအဝေး ကျင်းပခြင်းအခမ်းအနား

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို (၂၈.၁၁.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်မှ တက်ရောက် အမှာစကားပြောကြားပါသည်။   အစည်းအဝေးတွင် ကော်မတီဝင် ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ မကွေးတိုင်းဒေသကြီး အတွင်းရှိခရီးစဉ်ဒေသ ဈေးကွက်များကို မြှင့်တင်ရှာဖွေရန်နှင့် ဟိုတယ်/မိုတယ်၊ စားသောက်ဆိုင်များ ဝန်ဆောင်မှုများ ကောင်းမွန်စေရန် မှာကြားခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က(၂/၂၀၂၃)ကြိမ်မြောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့ တင်ပြမည့်ကိစ္စရပ်များ၊ ရေနံချောင်းသဘာဝဂျပ်ကြား (နတ်ကန် ဦးကျေးရွာအနီး) Adventure Sports လူထုအားကစားလှုပ်ရှားမှုပြိုင်ပွဲ ကျင်းပနိုင်ရေးကိစ္စ ၊ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖိုရမ်ကျင်းပနိုင်ရေးကိစ္စ ၊ ခရီးစဉ်ဒေသမြှင့်တင်ကြော်ငြာခြင်း အတွက် လူမှုကွန်ယက်များတွင် ပိုမိုကျယ်ပြန့်စေရေးအတွက် Boosting ပြုလုပ်ခြင်းကိစ္စ၊ Tourism Promotion Budget ရရှိရေးဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဖွင့်လှစ်မည့် သင်တန်းများ ၊ ဟိုတယ်/မိုတယ် (တည်းခိုရိပ်သာ) များ၏ ဧည့်စာရင်းဆိုင်ရာ ကိစ္စရပ်များကိုတင်ပြပြီး ကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးမှုများအပေါ် ကော်မတီသို့ အတည်ပြုချက်ရယူခဲ့ပါကြောင်း သတင်းရရှိပါသည်။

Leave a Reply