Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

မကွေးမြို့၌ COVID-19  Relief  Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်လ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ) ၏ စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့် စီးပွားရေးကျဆင်း လျှက်ရှိသော မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) (၃)ပတ် (၁၅)ရက်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၇.၈.၂၀၂၀) ရက်နေ့တွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  ဒေါ်ခင်ချိုလတ် တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ရုံးခွဲတာဝန်ခံမှ သင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ)(၃)ပတ်၊(၁၅ရက်) သင်တန်းများကို ဟိုတယ်လုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက် ဆက်စပ်လျှက်ရှိသော မြန်မာ နိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာကျွမ်းကျင်ပညာရှင်များအသင်းမှ နည်းပြများဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဟိုတယ်များ တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဟိုတယ်ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦး တို့ ပါဝင်တက်ရောက် လျှက်ရှိကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်း တက်ရောက်သူများအား ထောက်ပံ့ကြေးငွေ (၁) ရက် (၄၈ဝဝိ/-)   ကျပ်နှုန်း ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ ယင်း COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ)သင်တန်းကို (၁၇.၈.၂၀၂၀) ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ရက်သတ္တပတ် (၃)ပတ် ( ၁၅ ရက် ကြာ ) ပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။