Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းနှင့် COVID-19 Relief Package 2 ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ) သင်တန်းများ ဆင်းပွဲကျင်းပ

နေပြည်တော်၊ဩဂုတ်လ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ မန္တလေးရုံးခွဲ၏ စီစဉ်မှု၊ မန္တလေးဧည့်လမ်းညွှန်များအသင်းနှင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့် စီးပွားရေးကျဆင်းလျှက်ရှိသော တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) ၄ ပတ် ၈ ရက် သင်တန်းနှင့် COVID-19 Relief Package 2 ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ) ၃ ပတ် ၁၅ ရက် သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၄.၈.၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ Sky Villa Condo တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဌ ဦးဝင်းဇော်ဦးနှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း ဥက္ကဌ ဦးလင်းလင်းထွန်းမှ သင်ကြားခဲ့မှုအပေါ် သင်တန်း သားများမှ ဆက်လက်လိုက်နာဆောင်ရွက်ရန် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်မှ COVID-19 Relief Package 1 ခရီးသွား လုပ်ငန်း (အခြေခံ) သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးသို့ လည်းကောင်း၊ COVID-19 Relief Package 2 ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ) သင်တန်း ဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးသို့ လည်းကောင်း ပေးအပ် ခဲ့ပြီး COVID-19 Relief Package 1 / 2 သင်တန်းအား ပို့ချပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ အဆိုပါ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) ၄ ပတ် ၈ ရက် သင် တန်းကို ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက် ဆက်စပ်လျှက်ရှိသော  မန္တလေးဧည့်လမ်း ညွှန်များအသင်းမှ ဝါရင့်ဧည့်လမ်းညွှန်ဆရာများမှလည်းကောင်း၊ COVID-19 Relief Package 2 ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ) ၃ ပတ် ၁၅ ရက် သင်တန်းကို မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်းမှလည်းကောင်း ပို့ချခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်းပို့ချပေးသော ဆရာများအား တစ်နေ့လျှင် (၂၀၀၀ဝိ/-) ကျပ် နှုန်းဖြင့် ချီးမြှင့်ပေးအပ်လျက်ရှိပါသည်။