Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ နယ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်လ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ သက်ဆိုင်ရာ မန္တလေးရုံးခွဲ၏ စီစဉ်မှု၊ မြန်မာနိုင်ငံဧည့်လမ်းညွှန် များအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့် စီးပွားရေး ကျဆင်းလျှက်ရှိသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့် တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) ၂ ပတ် ၈ ရက် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၁၇.၈.၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ နယ်၊ အင်းဝကူးတို့ဆိပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို တံတားဦးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေး တိုင်းဒေသကြီးရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို လည်းကောင်း၊ မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဌ ဦးဝင်းဇော်ဦးမှ သင်ကြား ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။ အဆိုပါ COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) ၂ ပတ် ၈ ရက် သင်တန်းများကို ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက် ဆက်စပ်လျှက်ရှိသော  မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းမှ ဝါရင့်ဧည့်လမ်းညွှန်ဆရာများမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အင်းဝ ဒေသရှိ မြင်းလှည်းသမား (၂၀) ဦးတို့ ပါဝင်တက်ရောက်လျှက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်းပို့ချပေးသော ဆရာများအား တစ်နေ့လျှင် (၂၀၀၀၀) ကျပ် နှုန်းဖြင့် ချီးမြှင့်ပေးအပ်လျက်ရှိပါသည်။ ယင်း COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ရက်သတ္တပါတ် (၁) ပါတ်လျှင် တနင်္လာနေ့မှ ကြာသပတေးနေ့ထိ ရက်နှုန်းဖြင့် ရက်သတ္တပါတ် (၂) ပါတ် (၈) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။