
06
Feb
မန္တလေးမြို့ရှိဟိုတယ်များနှင့် မိတ္ထီလာမြို့ရှိဟိုတယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီလ(၅)ရက်
ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက် ပိုင်းတွင် မန္တလေးမြို့ရှိ IBIS Style Hotel၊ Gold Leaf Hotel နှင့် Ayarwaddy River View Hotel များသို့သွားရောက်ကာ ဟိုတယ်များတွင် ဧည့်စာရင်းစီမံ ခန့်ခွဲမှုစနစ် (Hotels Guest List Management System-HGLMS) အသုံးပြုနေမှုအခြေအနေများ၊ ဟိုတယ်သို့ လာရောက် တည်းခိုနေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေးစသည့် အရည်အသွေးရှိသောဝန်ဆောင်မှုများ ပေးနိုင်ရေးနှင့် ဟိုတယ်အ ဆောက်အအုံများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနမှစီစဉ်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများကို ဟိုတယ်များမှ ဝန်ထမ်းများအလှည့်ကျတက်ရောက် နိုင်ရေး စီစဉ်ဆောင် ရွက်ပေးကြရန်၊ ဟိုတယ်ဝန်ထမ်းများကို ကျွမ်းကျင်လုပ်သားအဖြစ် မွေးထုတ်နိုင်ရန် အတွက် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးအဖွဲ့ (National Skills standard Authority- NSSA)မှ ဖွင့်လှစ်သည့် Assessor Mythology သင်တန်းကို တက်ရောက် နိုင်ရေး စီမံဆောင်ရွက် ကြရန်နှင့် Assessment Center များ တည်ထောင်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မရမ်းခြံဆိပ်ကမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းပြန်ကြားရေးကောင်တာ အသစ်ဖွင့်လှစ်မည့် အဆောက်အအုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးသို့သွား ရောက်၍ တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံကာ အရည်အချင်း ပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ် အောင်၊ ခေတ်နှင့်လျော်ညီသော စွမ်းဆောင်ရည်များ ပြည့်ဝအောင်ကြိုးစားကြပြီး စဉ်ဆက်မပြတ် အကောင်းဆုံး လေ့လာသင်ယူသွားကြစေလိုကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် မန္တလေးမြို့၏ အထင်ကရ ခရီးစဉ်ဒေသတစ်ခု ဖြစ်သည့် ဦးပိန်တံတားသို့သွားရောက်ကာ ခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ အမှိုက်ကင်း စင်၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှု၊ ဒေသထွက်အစားအသောက်များ၊ အမှတ်တရပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွတ်စွာ စနစ်တကျရောင်ချနိုင်ရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ ဖြစ်သည့် မိတ္ထီလာဟိုတယ်နှင့် ဝန်ဇင်းဟိုတယ်သို့သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှု၊ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်ဆောင် ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Soure From : Myawady